တိုင်းပြည်ရေ
ဖက်ဆစ်တို့ခြေရင်း
ကြွေဆင်းပေးလည်း
တုန့်လှည့်ချစ်ပန်း
ပွင့်လန်းမလာဘဲ
ပန်းဘဝကြိုးကြေ ပန်းတို့ကြွေဆဲ။
တိုင်းပြည်ရေ
နှင်းဆက်ခန္တာ
ပုံအပ်ပါလည်း
တုန့်လည်ချစ်ပန်း
ပွင့်လန်းမလာဘဲ
ပန်းဘဝကြိုးကြေ ပန်းတို့ကြွေဆဲ။
တိုင်းပြည်ရေ
သင့်မြတ်ဖို့ရေး
ပြေးသူနောက်လိုက်
လိုက်လေဝေးလေ
ခန္တာကြွေ၍
ပန်းဘဝကြိုးကြေ ပန်းတို့ကြွေဆဲ။
တိုင်းပြည်ရေ
သူသတ်ကွင်းမှာ
လည်စင်းခံရင်း
ဖြေရှင်းကြမလား
သင်ပဲပိုင်းဖြတ် ခရီးစလော့။
တိုင်းပြည်ရေ
စစ်ဘီလူးကို
တိုင်းပြည်ကြမ္မာ
စီရင်ခိုင်းမလား
သင်ပဲပိုင်းဖြတ် ခရီးစလော့။
တိုင်းပြည်ရေ
သမိုင်း၏အရှင်
သင်သာလျှင်ဖြစ်
ဘဝသစ်တွက် တက်စုံဖွင့်လော့
စစ်ကျွန်ဘဝ ရုန်းထွက်ကြလော့။ ။
ရေဆန်
၂/၆/၀၆
Friday, 29 February 2008
တိုင်းပြည်သို့
တော်လှန်ရေးသစ္စာ
ဇူလိုင်ခုနှစ်ရက်
ပေါင်တဖက်ကြိုးကြေ
တော်လှန်မြေသို့ရောက်
မကြောက်တရားစွဲကိုင်
မြဲခိုင်သည့် သစ္စာနှင့်
တိုက်ပွဲမှာ အသက်ပေးခဲ့သူ ဟင်နရီ။
ကျွန်းဆွယ်ပွဲမှာ ထောင်ကျ
ထောင်မှ တဖန်
တော်လှန်မြေသို့
မကြောက်တရား စွဲကိုင်
မြဲခိုင်သည့် သစ္စာနှင့်
တိုက်ပွဲမှာ အသက်ပေးခဲ့သူ ပဒေးဖိုး။
သူငယ်ချင်းတို့ သူရဲကောင်းတို့ရေ...
ဒို့တတွေ တိုက်ပွဲဝင်
ဂန္တဝင် နေ့ရက်များ
လားလားမျှ ငါမမေ့နိုင်
နေ့ရှိသရွေ့ ခရီးကြမ်းကိုနှင်
တိုက်ပွဲဝင် တော်လှန်ဆဲ
ရေကိုဆန်မြဲ
တော်လှန်နေဆဲပါ သူငယ်ချင်း။ ။
“ ဂုဏ်ပြောင်စွာ ကျဆုံးသွာသည့် တိုက်ဖေါ်တိုက်ဖက်များနှင့် အာဇာနည်သူရဲကောင်းအပေါင်းအား ဦးညွတ်လျက်”
ရေဆန်
တခဏမှ တဘဝပြုကြ
ရဲဘော်တို့
တော်လှန်စဉ် တခဏ
ဒို့ဘဝ အလှရုပ်ကြွင်း
တူးဖော်ရင်းဖြင့်
ရင်တွင်းဝေဒနာ ပြေပြေရာပင်။
တခဏဖြစ်ဖြစ်
တဘဝဖြစ်ဖြစ်
တော်လှန်ဒို့ဘဝ
ကြီးမြတ်လှ၏
ထိုထိုဒို့ဘဝ
အလှသစ္စာပင်။
ရဲဘော်တို့
တော်လှန်တခဏ
ထိုအလှကိုလျင်
ရောက်ရာအရပ်
တဘဝဖြစ်အောင်
ကြံဆောင်ကြလော့။
(ပထမအကြိမ် ဖို့ဝိန်းညီလာခံနှင့် ကမ္ဘာအရပ်ရပ်မှ တိုက်ပွဲဝင်ရဲဘော်များသို့)
ရေဆန်
သူရဲကောင်းတို့၏မိခင်
ရေအခံ မြေအခံမရှိ
မျိုးစေ့ကလည်း မမှန်ရင်
ဘယ်မှာလျင် အပင်သန်မှာလဲ
ဘယ်မှာလျင် တော်ဝင်ဆန်မှာလဲ
ဘယ်မှာလျင် ကြာရှည်ခံမှာလဲ
နှစ်ခြောက်ဆယ် လေမိုးဒဏ်
ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း
သွေးချင်းချင်းနီလည်း ခရီးဆက်
သူရဲကောင်းတို့ရဲ့ မိခင်
အမှန်ပင်ဖြစ်ခဲ့ပြီ
အမျိုးသားကောင်းတို့ရေ
မိခင်ကြီးရဲ့ သူ့မေတ္တာနဲ့သစ္စာထု
သက်သွေးချွေးများနဲ့ သက်သေပြုလို့
အာဇာနည်တို့ သွန်းထုပြ
သစ္စာပန်းအလှတို့ ပွင့်ခဲ့ပြီ
သူရဲကောင်းတို့ရေ
သားစားဘီလူးရှေ့ မှာ
တချက်လေးမှစိုးရွံ့
တချက်လေးမှ နောက်မတွန့်နဲ့
မိခင်က ရှေ့ ကသွားမယ်
လိုက်ခဲ့ကြ အောင်ပွဲဆီ။ ။
KNU ၏နှစ် (၆၀) ပြည့် အထိမ်းအမှတ်
ရေဆန် KNU
၃၁/၀၁/၂၀၀၇
Monday, 18 February 2008
ပဒိုမန်းရှာသွေးသစ္စာ
မောင်စွမ်းရည် ဖေဖော်ဝါရီ ၁၅ ၊ ၂၀၀၈
ပဒိုမန်းရှာ
သူ သေရှာပြီ။
သူသေသည်မှာ
လူသေ ခြင်းဖြစ်ပါ၏။
လူသေခြင်းသည်
မူ သေခြင်းလည်းမဟုတ်ပါ။
လူသာသေလည်း
နာမည်သေမည်မဟုတ်ပါ။
လူကိုခွေးသတ်
ဇာတ်ကြောင်းထပ်လည်း
သတ်သူသာသေ၊ သေသူရှင်မည်
အာဇာနည်မျိုး သေရိုးမရှိ
ခေတ်၏ဆောင်ပုဒ် အသစ်ထုတ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခန်းမှ
မန်းရှာလာဖန်း လုပ်ကြံခန်းထိ
သွေးလမ်းကြီးသည် ခရီးရှည်ခဲ့
မညီသမျှ မဆုံးနိုင်။
ပဒိုမန်းရှာ သွေသစ္စာဖြင့်
ငါတို့လူထု သစ္စာပြုစို့
ပြည်ထောင်စုဒီမိုကရေစီ
အောင်ရမည်။
သွေးစည်းညီညီ ဆောင်ကြမည်။
‘ရေဆန်’အမည်ဖြင့် ရေးသားခဲ့သည့် ပဒိုမန်းရှာ၏ ‘ချစ်သမီးသို့’ ကဗျာ
ချစ်သမီးသို့ …
ရေဆန်
သမီးရေ …
ဂန္ထ၀င်ခရီးမှာ
နေခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။
ညဥ့်နက်သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်။
လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်။
မုန်တိုင်းကထန်
လှိုင်းကထန်လည်း
ရေဆန်လေကြမ်း
ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။
သမီးရေ …
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္တ၀င်ရက်မြတ်
ရဲရဲဖြတ်လော့ သမီး …။ ။
ရေဆန်
(နှစ် ၅၀ပြည့် ကရင်တော်လှန်ရေး အထူးထုတ် သနူးထူးဂျာနယ်၊ ၁၉၉၉ခုနှစ်၊ ဇန်န၀ါရီလ ၃၁-ရက်)
ပဒိုမန်းရှာလားဖန်း၏ ဈာပနအခမ်းအနား ကျင်းပ
NEJ / ၁၈ ဖေဖော်ဝါရီ ၂၀၀၈
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း၏ ဈာပနအခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဌာနချုပ်တွင် ယနေ့မွန်းလွဲပိုင်း၌ ကျင်းပသည်။
ဗုဒ္ဓဘာသာဝင်တဦးဖြစ်သော်လည်း ပဒိုမန်းရှာအား လေးစားချစ်ခင်သည့် ကျန်ရစ်သူ မိတ်ဆွေများ၏ ဆန္ဒအရ ဈာပန အခမ်းအနားအား ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်း အစဉ်အလာများနှင့်အညီ ဂုဏ်ပြု ကျင်းပခဲ့ကြသည်။
နံနက်ပိုင်း၌ ခရစ်ယာန်ဘာသာ အစီအစဉ်အရ ၀တ်ပြုဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုခြင်းနှင့် ဂုဏ်ပြု အမှာစကားများ ပြောကြားခြင်းတို့ ပြုလုပ်ကြပြီး မွန်းလွဲပိုင်း၌ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း အစဉ်အလာအရ သံဃာတော်များထံမှ တရားတော်များ နာယူခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ပြီး အမျှအတမ်း ပေးဝေခြင်းနှင့် သရဏဂုံတင်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် စစ်အခမ်းအနားဖြင့် အမိန့်ပြန်တမ်းများ ဖတ်ကြားကာ သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ပြီး သံဃာတော်များ ရွတ်ဖတ်သရဇ္ဈာယ် အပြီးတွင် မီးသင်္ဂြုံဟ်လိုက်သည်။
ဈာပန လာရောက်သည့် ပဒိုမန်းရှာ၏ လုပ်ဖော်ကိုင်ဖက် တရွာတည်းသား စာရေးဆရာ မန်းငြိမ်း မောင်က “ကရင့်တော်လှန်ရေးမှာ လေးစားအတုယူလောက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ပဒိုမန်းရှာဟာ သူကိုယ်တိုင် တော်လှန်ရေးသမားဖြစ်တဲ့အပြင် သူ့သားသမီးတွေကိုလည်း တော်လှန်ရေး သမား ဖြစ်စေချင်လို့ နာမည်တောင်မှ ဂျာမနီနိုင်ငံမှာ တော်လှန်တိုက်ပွဲဝင်တဲ့ မောင်နှမနှစ်ယောက်ရဲ့ အမည်ကို ပေးခဲ့တယ်” ဟု ဂုဏ်ပြုပြောကြားသည်။
ကေအန်ယူ ဗဟိုစည်းရုံးရေးဌာနမှ ပဒိုသမိန်ထွန်းကလည်း “ကျနော်တို့ အရေးကြီးတဲ့ အချိန်ကာလမှာ သူလိုလူတယောက် ဆုံးရှုံးသွားတာ တော်လှန်လှန်ရေးအတွက် အများကြီး လစ်ဟင်းသွားတယ်။ သူငယ်ချင်လည်းဖြစ်၊ ရဲဘော်လည်းဖြစ်တဲ့သူ ဆုံးရှုံးသွားတဲ့အတွက် စိတ်ထိခိုက် ရပါတယ်။ ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတာပဲ” ဟု ပြောကြားသည်။
ဈာပနအခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များ၊ ကေအန်အယ်လ်အေ အရာရှိ အရာခံ အကြပ်တပ်သားများနှင့် ကရင်အမျိုးသားများ အပါအ၀င် လူ (၂,၀၀၀) ခန့် တက်ရောက်သည်။
ယခုလ (၁၄) ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ပဒိုမန်းရှာလားဖန်း၏ ရက်လည် ဆွမ်းကျွေးကို လာမည့် (၂၁) ရက်နေ့တွင် ၎င်း၏နေအိမ်၌ ကျင်းပမည်ဖြစ်သည်။
ကွယ်လွန်သွားသည့် ပဒိုမန်းရှာ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို တွဲဖက်အတွင်းရေးမှူး (၁) ဖြစ်သူ ပဒိုထူးထူးလေးအား ကေအန်ယူက တရားဝင်ခန့်အပ်လိုက်သည်
ပဒိုမန်းရှာ
ထွန်းမြင့်အောင် (၈၈- မျိုးဆက်ကျောင်းသားများ)
(မဇ္ဈိမ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
သူဟာ သဘောထားကြီးသူ ဖြစ်တယ်။ အမြင်ကျယ်တယ်။ ၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်ခဲ့သေးတယ်။ သူ့သတင်းက ရန်ကုန်မြို့လည်ခေါင်မှာရော၊ မြို့စွန်မြို့သစ်က ဈေးတွေ ကားဂိတ်တွေမှာရော စုတ်တသပ်သပ် ဖြစ်နေတယ်။ နှမြောမဆုံး ဖြစ်နေကြတယ်။ ဘာကြောင့်လဲ။
သူက လူမျိုးရေး တယူသန် မဟုတ်ဘူး။ နောက် မတရားမှုမှာ ဘယ်တော့မှ ဒူးမထောက်ခဲ့ဘူး။ အဖိနှိပ်ခံတွေဘက်က တလျှောက်လုံး ရပ်တည်တယ်။ ငြိမ်းချမ်းရေး လိုလားသူ တဦးလည်း ဖြစ်တယ်။ ဒါပေမယ့် သူလိုချင်တဲ့ ငြိမ်းချမ်းရေးက တနပ်စား အခွင့်အရေးတွေနဲ့ အလဲအလှယ် လုပ်ထားတဲ့ တမွန်းတည့် ငြိမ်းချမ်းရေးမျိုး မဟုတ်ဘူး။ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာ တန်းတူညီတူရှိမှု၊ အပြန်အလှန် လေးစား အသိအမှတ်ပြုမှု၊ မြင့်မြတ်တဲ့ အပေးအယူတွေနဲ့ အေးအတူပူအမျှ နေထိုင်မှု စတာတွေ အပေါ်မှာပဲ ပေါက်ဖွားရှင်သန် နိုင်လိမ့်မယ်လို့ ယုံကြည်သူ ဖြစ်တယ်။
သူ့ရဲ့ အနိစ္စတရားဟာ ကရင်တမျိုးသားလုံးအတွက် ဧရာမ ဆုံးရှုံးမှုကြီးတင် ဘယ်ကမလဲ၊ ပြည်ထောင်စု တမျိုးသားလုံးအတွက် အစားထိုးမရတဲ့ အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်ကောင်း တယောက် ပျောက်ဆုံးသွားခြင်းပါပဲ။
ဒီမိုကရေစီရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုပေါ်ထွန်းစေတဲ့ ကြွေးကြော်သံတွေအောက်မှာ အမျိုးသားသွေးစည်း ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်ဆိုရင် အဲဒါဟာ ဆရာမန်းအတွက် ကျနော်တို့ အားလုံးရဲ့ အကောင်းဆုံး ဂုဏ်ပြုတေး ဖြစ်ပါလိမ့်မယ်။
ထွန်းမြင့်အောင်
(၈၈- မျိုးဆက်ကျောင်းသားများ)
Friday, 15 February 2008
ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၊ အထွေထွေ အတွင်းရေးမှူး ဖဒို မန်းရှာလားဖန်း
ဖဒိုမန်းရှာဟာ ကွယ်လွန်ချိန်မှာအသက် ၆၄နှစ် ရှိပြီဖြစ်ပြီး၊ သား၂ ဦးနဲ့ သမီး၂ ဦး ကျန်ရစ် ပါတယ်။
ဖဒိုမန်းရှာကို ဧရာဝတီတိုင်း ပန်းတနော် မြို့နယ်မှာ၁၉၅၃ ခုနှစ်၊ ဇူလိုင် ၅ရက်နေ့ မွေးဖွားခဲ့ပြီး၊ ပိုးကရင် လူမျိုးဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပါတယ်။
ဖဒိုမန်းရှာဟာ ၁၉၆၁ မှာရန်ကုန် တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကားခဲ့ပြီး၊ ဆဲဗင်းဂျူလိုင်အရေးအခင်း မှာပါဝင်လှုပ်ရှား ခဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။ ၁၉၆၆ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က သမိုင်းဘာ သာနဲ့ ဘွဲ့ရခဲ့တယ်။
တက္ကသိုလ် ကျောင်းသားဘဝကတည်းက ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ရဲ့ ယူဂျီတာဝန်ကို ထမ်းဆောင်တဲ့ ဖဒိုမန်း ရှာ ဟာ ဘွဲ့ရပြီးနောက် ကရင့်တော်လှန်ရေးကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၊ တပ်မဟာ၃၊ တောင်ငူခရိုင်ဒေသမှာ စတင်ပါဝင် ထမ်းဆောင်ခဲ့တယ်။
၁၉၆၈ တွင် ကရင်ပြည်နယ်ကိုဖြတ်ကာ ရှမ်းပြည်နယ်စပ် ရလလဖနယ်မြေတွင် နေထိုင်ခဲ့တယ်။ တရုပ်နယ်စပ်ရှိ ဗကပ တပ်စခန်း သို့ သွားရောက်ပြီး နိုင်ငံရေးသင်တန်းတွေ တက်ခဲ့သလို၊ ဗကပနဲ့နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ သဘောတရားရေးရာ သဘောမတူ မှုတွေရှိလို့ ကြာကြာမနေဘဲ ဗဟိုဌာနချုပ်ကို ပြန်လာခဲ့ရာ၊ ၁၉၇၄ မှာပဲခူး ရိုးမရှိ ကေအဲန်ယူဗဟိုကို ပြန်ရောက်လာခဲ့တယ်။
၁၉၇၅ မှာ ကေအဲန်ယူ ၂ဖွဲ့ ပြန်လည် ပေါင်းစည်းမိတဲ့အခါ ညောင်လေးပင်ခရိုင်မှာတာဝန် ထမ်းဆောင်ခဲ့တယ်။ ၁၉၇၅ ကနေ ၁၉၈၄ အထိ ကေအဲန်ယူ ညောင်လေးပင်ခရိုင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တယ်။
၁၉၈၄ မှာကေအဲန်ယူ ဗဟိုဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောကို ပြောင်းရွေ့တာဝန် ထမ်းဆောင်ရပြီး၊ နိုဝင်ဘာလမှာ ကေအဲန်ယူ ဗဟိုကော်မတီအဖွဲ့ဝင် ဖြစ်လာခဲ့တယ်။
၁၉၈၈ ကစပြီး ကေအဲန်ယူဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးစောဘိုမြ(ကွယ်လွန်)ရဲ့ ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရ တယ်။
၂၀၀၀ခုနှစ်မှာကျင်းပတဲ့ ကေအဲန်ယူ(၁၂)ကြိမ်မြောက် ပါတီကွန်ဂရက်ကနေ အထွေထွေအတွင်းရေးမှူး အဖြစ်ရွေးချယ်တင် မြောက်ခြင်း ခဲ့ရတယ်။ ၂၀၀၄ ခုနှစ်မှာကျင်းပတဲ့ (၁၃)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်မှာလည်း အထွေထွေအတွင်းရေးမှူးအဖြစ် ဆက် လက်ရွေးချယ် တင်မြောက်ခံရပြီး၊ လုပ်ကြံခံရချိန် အထိ ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူတဦးဖြစ်တယ်။
ဖဒိုမန်းရှာဟာ ကရင်အမျိုးသားခေါင်းဆောင်တွေ အထဲမှာတိုင်ရင်းသားတွေကရော၊ မြန်မာတွေကပါ ချစ်ခင်လေးစားမှုကို ခံရသူ တဦးဖြစ်ကာ၊ 'ရေဆန်' ကလောင်အမည်နဲ့လည်း စာတွေရေးနေသူတဦး ဖြစ်ပါတယ်။
ဖဒိုမန်းရှာဟာ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေဖြစ်တဲ့ မြန်မာပြည်ဒီမိုကရက်တစ်တပ်ပေါင်းစု(ဒီအေဘီ)နဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံအမျိုးသားကောင်စီ(အဲန်စီယူဘီ)တို့မှာ ကေအဲန်ယူကိုယ်စားလှယ်အဖြစ် တာဝန်တွေထမ်းဆောင်ခဲ့သလို၊ လုပ်ကြံခံရချိန်မှာလည်း အဲန်စီ ယူဘီ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်း ဆောင် နေဆဲဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်၊ ဇန်ဝါရီလ ၃၁ နေ့မှာကျရောက်ခဲ့တဲ့ (၅၉)နှစ်မြောက် ကရင်တော်လှန်ရေး နေ့မှာဖဒိုမန်းရှာက ကရင်လူထုကြီးကို မိန့်ခွန်းပြောကြား ရမှာ…
"ဒီတော်လှန်ရေးဟာ ကရင်တမျိုးသားလုံးရဲ့ တော်လှန်ရေး၊ ကရင်တမျိုးသားလုံး ကျွန်ပြုခံရလို့ ကကျွန် ဘဝက လွတ်မြောက်ဖို့ ကျနော်တို့လုပ်တဲ့ တော်လှန်ရေး၊ ဒါကြောင့်မို့ ဒီတော်လှန်ရေးမှာ ကရင်တမျိုးသားလုံး ပါဝင်ဖို့ လိုတယ်။ စောဘဦးကြီးရဲ့ လမ်းညွှန်မှု ၄ချက်ကို ဆက်လက်ပြီးတော့ ကိုင်စွဲဖို့လိုတယ်။ ကေအဲန်ယူ အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဆက်လက်ပြီးတော့ ချီတက်ဖို့လိုတယ်။ ကေအဲန်ယူအစည်းအရုံး က လည်းပဲ ကရင်အမျိုးသား အကျိုးစီးပွားအတွက် မားမားမတ်မတ် ဆုံးခန်းတိုင် ဆက်လက်ပြီး ရပ်တည်သွားမှာ ဖြစ်တယ်။" လို့ပြောကြား သွားခဲ့ပါတယ်။
စောဘဦးကြီးရဲ့ လမ်းညွှန်ချက် ၄ ရပ်
၁။ လက်နက်ချ စကားအလျဉ်း မပြောရ။
၂။ ကရင့်လက်နက် ကရင့်လက်ထဲ၌ ရှိရမည်။
၃။ ကရင်ပြည် အသိအမှတ် ပြခြင်း ပြီးပြည့် စုံစေရမည်။
၎။ ကရင့် ကံကြမ္မာ ကရင် ဖန်တီးရမည်။
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၇ ညနေ ၄ နာရီခန့်မှာ- ဖဒို မန်းရှာရဲ့ နေအိမ်ကို ဖိုးဝှီးကား အမဲရောင် ကားနံပါတ် ၄၂၅ နဲ့ အမည် မသိလူ ၂ ဦး ရုတ်တရက် ရောက်လာပြီး နေအိမ် ဝရံတာမှာထိုင်နေတဲ့ ဖဒိုမန်းရှာကို သေနတ်နဲ့ ပစ်ခတ် သွားတာကြောင့် ရင်ပတ်ကို ကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ ကေအဲန်ယူ တာဝန်ရှိသူ တဦးက ပြောကြား ပါတယ်။ ပစ်ခတ်သွားသူ ၂ ဦးဟာ မောင်းနှင်းလာတဲ့ ကားနဲ့ပဲ ပြန်ထွက်သွား တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ရည်ညွှန်ချက်။
၁။ ၂၀၀၈၊ ဖေဖော်ဝါရီ ၁၄၊ ဒီဗွီဘီ - Democratic Voice of
၂။ ၂၀၀၈၊ ဖေဖော်ဝါရီ ၁၄၊ မဇ္ဇျိမ - မဇ္ဇျိမ အင်တာနက် သတင်းဌာန၊ မြန်မာ ကွန်ရက် စာမျက်နှာ သတင်းများ။
၎။ ၂၀၀၈၊ ဖေဖော်ဝါရီ ၁၄၊ အဲန်အမ်ဂျီ - Network Media Group (သတင်းမီဒီယာ ကွန်ရက်) မြန်မာ ကွန်ရက် စာမျက်နှာ သတင်းများ။
Myanmar ISP Website မှ ကူးယူတင်ပြပါသည်
အမုန်းတရား ကဵဆံုးပၝေစ
ူမန်မိာံစ်ြဆန်း
ရေစင်တြေူဖန်းပက်တဲ့
တန္ခူးရဲႚ ရက္မဵားမႀာ
ဳကားခဲ့ရ သူႛဆုေ႑ခၾ
ဇြဲစိတ်တြေ မြေူးမရြေး
္ဘငိမ်းခဵမ်းရေး နဲႛ ညီညတ်ြရေး
တြေးမိတိုင်ုးကားမိပၝ။
ညီညတ်ြမစြကား
ဘယ်လိုပင် သူေူပာုကားပေမယ့်
စစ်ုကားမြာ သူ ဋ္ဌကီူးပင်းခဲ့
အခုတော့ …
ခဵစ်ူခင်းတရားတြေ ပေဵာ်မြေႛနေရမယ့်
ဖေဖော်ဝၝရီ ခဵစ္သူမဵားေနႛ မႀာ
မုန်းသူတေကြို တြေႛခဲ့လေသလား
ဘုရားတော့ သိမြာပၝ။
ိံလြုံးသားတြေေုကူပနြ်း
အ္ဘပြံးစကားတြေ ပဵက်သုဉ်း
အရြံးအမြားတြေ ဆက်ဖုံးနေစေမယ့်
အမုန်းတရားတြေ ကဵဆံုးပၝေစ။ ။
ငဒိုႛဴမန္မာဴပည္
မူငိမ်းသောမီး သမိုင်းရညြ်ုကီး
လတြ်ေူမာက်ရေး ခရီုးကမ်းထဲ
ုကီးကဵယ်ူမင့်ူမတ် ရဲရင့်သော
ခဵစ်သော တိုင်းရင်းသားခေၝင်းဆောင် အဆက်ဆက်မြာ
"အာဇာနည် ဖဒိုမန်းရြာ" ပၝခဲူ့ပီ။
သောင်ရင်းနဲႛ ဒေၝနတောင်တန်ုးကီးက
သူႛတိုက်ရည်ခိုက်ရည်အေုကာင်း ကောင်းကောင်းသိတယ်။
ဇာတိေူမ ပန်းတနော် တောခေဵာင်းရြာက
သူႛ မြေးဖြာူးခင်းကို ဂုဏ်ယူတယ်။
ပဲခူးရိုးမနဲူ့မစ်ဝကဵနြ်းပေၞက
သူႛ စနြ်ႛလတ်ြမကြို လေးစားတယ်။
နအဖ စစ်အုပ်စုက
ခေတ္ဇ မဲဆောက်ေူမက
သူႛအတကြ် ထာဝရ တနေရာစာပေးခဲ့တယ်။
သူႛ ၀ဲဘက္လက္က
ကရင့္အမဵိႂးသား လတြ်ေူမာက်ရေးအလံကို
မလဲစတမ်း ကိုင်ခဲူ့ပီး
ယာဘက်လက်က
ူမန်မာတူပည်လုံး ဒီမိုကရေစီရေး
သြေးနဲႛ ရေူးပသြားခဲ့တယ်။
သူ ...
တပင်ထဲကို မုကည့်ပဲ
တတောလုံးကိုကည့်ခဲ့တယ်။
ေကအန္ယူနဲႛ အတူ ငဒိုႛက
သူႛကို လေးစား ဦးညတ်ြတယ်။
ဖထီးရေ …
သမီးလေး "ဆူရာဖန်း" တိုႛငိုနေူပီ
အသက်ကို သတ်တိုင်း
ယံုဳကည္ခဵက္နဲႛ သမိုင္းကိုသတ္နိုင္မတဲ့လား
ဖထီးရဲ့ ၀ဲဘက္ရင္အံုကကဵည္ဆန္ဟာ
ဖထီးကို မႀန္တာမဟုတ္ဘဲ
စစ်အာဏာရင်ြကို မန်ြစေ့မယ်။ ။
လင်းြေိံးအိမ်
၂၀၀၈ ဖေဖေၞ၀ၝရီ ၁၄ ရက် ညနေ ၄ နာရီခန်ႛ မြာကဵဆုံးသြားတဲ့ ကရင်တိုင်းရင်းသားခေၝင်းဆောင် ဖဒိုမန်းရြာသိုႛ
ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံရ၍သေဆုံး | ||
ပဒိုမန်းရှာလားဖန်း | ယမန်နေ့ ညနေ (၄) နာရီ (၄၀) မိနစ်ခန့် အချိန်တွင် ကေအန်ယူ အထွေထွေအတွင်း ရေးမှူး ပဒိုမန်းရှာလားဖန်းသည် အမည်မသိ သေနတ် သမားနှစ်ဦး၏ လုပ်ကြံမှုကြောင့် မဲဆောက်မြို့ နေအိမ်တွင် ကွယ်လွန်သွား သည်။ မျက်မြင်သက်သေတဦးဖြစ်သူ ရုံးဝန်ထမ်း | |
ကဆင်းလာတယ်။ သစ်သီးဝလံ ထည့်ထားတဲ့ခြင်းတလုံးလည်း ပါတယ်။ ဦးလေးက အပေါ်ထပ် ဗြိတိန်နိုင်ငံတွင်ပညာသင်ကြားနေသည့် နန့်ဇိုရာဖန်းက ဖခင်ဖြစ်သူသည် သူမအတွက် အမြဲ တစေအားပေးခဲ့သည့် အာဇာနည်တဦးဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက်ထားရှိသည့် ဖခင်၏ မျှော်လင့်ချက်ပြည့်ဝရန် သူမအနေဖြင့်ကြိုးပမ်းသွားမည်ဟု နိုင်ငံတကာသတင်းဌာနများအား ပြောကြားသည်။ သေနတ်သမားတဦးက အိမ်ပေါ်အရောက်တွင် ကရင်ဘာသာဖြင့် “မင်္ဂလာပါဦးလေး” ဟု ပုံမှားရိုက်ဂါရဝပြုပြီးမှ သေနတ်ဖြင့်ပစ်ခြင်းဖြစ်သည်ဟု သေဆုံးသူ၏အနီးတွင်ရှိနေသည့် တူမဖြစ်သူက ပြောသည်။ ယခုကိစ္စနှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့ခေါင်းဆောင်တဦးက “ကရင်စကားပြောတိုင်း ကရင်လို့ တော့ပြောလို့ မရဘူး။ ဒီလို ထမင်းစားရေသောက်လောက်တော့ လူမျိုးခြားတွေလည်းသင်ပေးရင် ခဏလေးနဲ့ တတ်တယ်။ ဒီလိုမဲဆောက်မြို့ထဲမှာ ကားနဲ့လာပြီး နေ့ခင်း ကြောင်တောင်လုပ်သွား တာကတော့ စဉ်းစားစရာပဲ။ ကြားလူကို အသုံးချသွားတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။ ပဒိုမန်းရှာလားဖန်းသည် ၁၉၆၂ ခုတွင် ရန်ကုန်တက္ကသိုလ်တွင်ပညာသင်းကြားခဲ့ကာ ၁၉၆၆ ခု |
တော်လှန်ရေး သူရဲကောင်း
ဇွဲကပင်တောင်ခြေမှာနှင်းမကွဲသေးဘူး
တိုင်းရင်းသားလူမျိုးစုတွေရော
မြန်မာလူမျိုးအားလုံးရော
စစ်အာဏာရှင်စံနစ်ဆိုးအောက်က
မလွတ်မြောက်နိုင်ကြသေးဘူး .. ။
အချိန်မတန်ခင်ကြွေလွင့်သွားတဲ့
တော်လှန်ရေးသူရဲကောင်းကြီး
ဖဒိုမန်းရှာတစ်ယောက်
တမလွန်ဘ၀ကနေ
ရဲရဲတောက်တော်လှန်ရေးဝိဥာဉ်တစ်ခုနဲ့
ဆက်လက်တိုက်ပွဲဝင်နေမှာလား .. ။
မြူလည်းစဲပြီ
ကျေးငှက်သံတွေလည်းတိတ်ခဲ့ပြီ
မျှော်လင့်ချက်မျက်နှာတွေ
ငိုပွဲဆင်ခဲ့ရပြီ ..
သွေးညှီနံ့တွေပြည့်နှက်
ယမ်းငွေ့သံတွေတဝေေ၀
ကောက်ကျစ်ယုတ်မာမှုတွေပြည့်နှက်
ကိုယ့်လူမျိုးအချင်းချင်းယုတ်မာနေတဲ့
စစ်အာဏာရှင်စံနစ်အောက်ကလွတ်မြောက်ဖို့
ညီညွတ်ရေးအဆောက်အအုံတွေ
ကြိုးစားတည်ဆောက်ရဦးမယ် .. ။
အရိုအသေလေးမြတ်မှုတွေကြား
ခေါင်းဆောင်တစ်ယောက်ကျဆုံးတိုင်း
တစ်ခါပေါက်ထွက်တဲ့နှလုံးသားနဲ့အတူ
ကြေကွဲခြင်းတေးသံများလွှမ်းခြုံ
လွတ်မြောက်ရေးရောင်နီဆီ
အားလုံးဆက်လျှောက်ကြရင်း
တော်လှန်ရေးဝိဥာဉ်ဖြန့်ဝေနေမည့်
သူရဲကောင်းကြီး `ဖဒိုမန်းရှာ´အား
လေးစားဂုဏ်ပြုဦးညွှတ်လိုက်ပါ၏ .. ။
လင်းလက်ကြယ်စင်
ဆက်လက် အသံလွင်နေပါစေ့မည်။ ဖထီးချစ်တဲ့ ရွှေဖားစည်။
ချစ်သော ဖထီးအာဇာနည် မို့ ..
ရိုးသားသူ မို့ 
အမျိုးချစ်သူ မို့ 
နိုင်ငံချစ်သူ မို့ 
မသမာသူ စော်ကား၊
လုပ်ကြံအားရက်ပြီ.
ရိုးမ၏ ပန်းတပွင့်ကြွေကျ မြေဆီ။
သို့ သော်..
သူရဲကောင်း၏ ဂုဏ်ရည်
သူရဲကောင်းတို့ ၏ ၀ိညာဉ်သည်။
ဖိုးမူတို့ နှင့် တသားထည်းကျန်ရစ်ပါသည်။
ချစ်သော ဖထီး
စပါး ရွှေဝါသီးတဲ့  ဖထီးချစ်တဲ့ ဧရာဝတီမြေ
ဖားစည်မြည်ဟိန်း။
က ဒုံးယိန်း နဲ့ .ဇွဲကပင် တောင်ခြေက
ကော်သူးလေမြေ..
ကရင်ပြည်နယ်မှာ ပန်းကလေးတွေ
ဆက်လက် လန်းဆန်းစေဖို့ 
ဖိုးမူတို့ မျိုးဆက်သစ်
ဖထီးတို့ လျှောက်ခဲ့တဲ့လမ်းကို
ဆက် ငုတ်ထွင်လှမ်းမယ်။
နောက်မဆုတ် ဆက်သွားမယ်။
အာဇာနည် မျိုးဆက်.ဆိုတာ.
ဘယ်လိုသတ်သတ်…မပျောက်ကွယ်။
“ပဒိုမန်းရှာလားဖန်း” ဆိုတာ
ကရင်တို့ ရဲ့ အမျိုးသား နိမိတ်ပုံ။
သမိုင်း တွင်ရစ် ကျန်စေ။
ကြီးမားတဲ့ ဂုဏ်ကျက်သရေ။
ဖထီးရယ်..လွတ်မြောက်ရာဘုံ
တက်လှမ်းကာ ၀မ်းမြောက်ပါကုန်။
မသဒ္ဓါ ( ၂။၁၄။၂၀၀၈)
ဖထီး ပဒို အတွက်..မိသားစုနှင့် အတူ ရင်နှင့်အမျှ ၀မ်းနည်းကြေကွဲရပါကြောင်း
ကေအန်ယူ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာ အား ယနေ့ (၁၄-၂-၂၀၀၈) ထိုင်းစံတော်ချိန် ညနေ (၄)နာရီခန့် က မဲဆောက်မြို့ နေအိမ်အတွင်း သေနတ်သမား နှစ်ဦးမှ ဝင်ရောက်လုပ်ကြံသတ်ဖြတ် သွားကြောင်းကြားသိရပါသည်။
မတရား မှုကို ဆန့် ကျင်သောတော်လှန်ရေး သူရဲကောင်းတစ်ဦး ကျဆုံးခြင်း အတွက် ဖဒိုမန်းရှား၏ မိသားစု၊ ကရင်အမျိုးသားထု နှင့်တကွ ပြည်ထောင်စုတိုင်းရင်းသားများ နှင့်ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်း ရပါကြောင်း မှတ်တမ်းတင်ပါသည်။
ကော်သူးလေအတွက် သွေးစွန်းသော ကြာသာပတေး
စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာ သောသေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။
သေနတ်တချက် ပစ် တယ်။ နောက်နှစ်ချက် ဆက်တိုက် ပစ်တယ်။”ဟု ဖဒိုမန်းရှာ အိမ်န ဘေး တွင် နေထိုင်သူ တဦးက ပြောသည်။ ကရင်အမျိုးသားခေါင်း ဆောင် သည် ထိုင်းစံတော်ချိန် မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် နေအိမ် အပေါ်ထပ်တွင် စာဖတ်နေစဉ် ကားဖြင့် ရောက်လာသော သေနတ် သမားများက အပေါ်ထပ် တက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည်။ သေနတ် ၃ ချက် ပစ်ခတ်ခဲ့ပြီး ရင် ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။ ပစ်ခတ်ပြီးနောက် သေနတ်သမားများက မြို့ထဲ ဘက်သို့ ကားမောင်း ထွက်ပြေးသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။ ပုံမှန်အတိုင်း အစောင့် အ ကြပ် ထားရှိခြင်း မရှိသော နေအိမ်တွင် အောက်ထပ်တွင်သာ ရုံးဝန်ထမ်း ၂ ယောက်သာရှိရာ အလွယ်တကူ ဝင်ပစ် သွားခြင်း ဖြစ်သည်။
ဖဒိုမန်းရှာ၏ ရုပ်ကလပ်ကို နေအိမ်တွင်ပင် ထားရှိသည်။ ဒီမိုကရေစီ လိုလားသူ မဟာမိတ် အဖွဲ့အစည်းများ အားလုံး ယူကြုံးမရ ဖြစ်နေကြောင်း ပြောဆိုကြသည်။ ဖိုးဝှီးကား အမဲရောင် နံပါတ် ၄၂၅ ဖြင့် ရောက်လာသော သေနတ်သမား ၂ ယောက်အနက် တဦးက အိမ်ပေါ် အရင်တက်လာပြီး ကျန်တဦး က ကရင်ဘာသာဖြင့် နေကောင်းလားဟူ၍ အဓိပ္ပါယ်ရသော နှုတ်ခွန်းဆက်စကား ပြောပြီးနောက် သေနတ်ဖြင့် ပစ်ခြင်း ဖြစ်သည်ဟု သိရသည်။ နောက်ကျ တက်လိုက်လာသော သေနတ်သမားကလည်း ပစ်ခတ် သွားခဲ့သည်ဟု ယုံကြည်ရသည်။ ၉ မမ ကျည်ဖူးတခုကို ယခုအချိန်တွင် တွေ့ရှိထားပြီး ထိုင်းရဲက စုံစမ်း စစ်ဆေး မှု ဆက်လက် ပြုလုပ်လျှက် ရှိသည်ဟု အခင်းဖြစ်ပွားရာ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သော မဇ္ဈိမ ဓာတ်ပုံ သတင်းထောက်က ကိုအောင်တင်က ပြောသည်။ သေနတ်သမားများမှာ အရပ် ၅ ပေ ၅ လက္မခန့် ရှိသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ သေနတ်သမားတယောက်၏ ယာဘက် လက်ဖျံတွင် နဂါးရုပ် ဆေးမှင်ကြောင် ထိုးထားသည်ကို တွေ့မြင်ရသည်ဟု မျက်မြင်တဦးက ပြောသည်။ သေနတ်သမားများမှာ အသက် ၃ဝ ကျော်အရွယ် ရှိသည်ဟု ဆိုသည်။ တဦးနှင့်တဦး ၁ဝ ပေကျော် အကွာခန့် တတ်လာသော သေနတ်သမားများက စကောကရင် ဘာသာစကားဖြင့် နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ သေနတ်သံ ကြား၍ အပြေး ထွက်လာသော နေအိမ်အောက်ထပ် (မြေညီထပ်)မှ ကရင့်အမျိုးသား အစည်းအရုံး ရုံးဝန်ထမ်း ၂ ယောက်အား ဖဒိုမန်းရှာကို ပစ်ခတ်မှု ပြုပြီးနောက် ပြန်ဆင်းလာသော သေနတ်သမား နှစ်ယောက်အနက် တဦးက သေနတ်တချက် ပစ်ခတ်ခဲ့သေးသော်လည်း ထိမှန်ခြင်း မရှိပါ။
----------------------------------------------------------------------------------------------------------------
မဇ္ဈိမက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့က ဖဒိုမန်းရှာကို ဆက်သွယ် မေးမြန်းခဲ့သော နောက်ဆုံး အင်တာဗျူးကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ စစ်အစိုးရရဲ့ စနေနေ့က ကြေညာချက်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းကို တကယ်ပဲ ဦးတည်တာလား။
ဖြေ။ ။ ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ။
မေး။ ။ အခုလို့အချိန်မှာ၊ အားလုံး မမျှော်လင့်တဲ့အချိန်မှာ ကောက်ကာငင်ကာ ကြေညာလိုက်တာ ဘာကြောင်လို့ ထင်လဲ။
ဖြေ။ ။ စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူကို သိပ်မခံမရပ်နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ယူအမ်ရဲ့  ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ ရုတ်မက်ပ်ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီး ဖြစ်မှာစိုးတယ်။ နိုဝင်ဘာလ (၁၆) ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒါကိစ္စက ရှင်းတယ်။ နိုင်ငံတကာကနေပြီးတော့ သူတို့ရဲ့ ရုတ်မက်ပ်ကို ဝင်ပြီးနှောက်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်။ ယူအမ်ရဲ့ ပါတီစီပေးရှင်းကို လက်မခံဘူး။ နိုင်ငံတကာက ဖိအားပေးတာကိုလည်း လုံးဝ လက်မခံဘူး။
မေး။ ။ သူတို့က တကယ်ပဲ ၂ဝ၁ဝမှာ ရွေးကောက်ပွဲ လုပ်သွားနိုင်သလား ခင်ဗျ။
ဖြေ။ ။ ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်။
မေး။ ။ အရင်ကလည်း လူထုဆန္ဒ ခံယူပွဲတွေကို အကြပ်ကိုင်ပြီး လုပ်ခဲ့တာရှိတော့၊ အခုရော ဒါမျိုးလုပ်လို့ မရနိုင်ဘူးလား။
ဖြေ။ ။ သူတို့လုပ်လို့ ရနိုင်ပါတယ်။ မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေမကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့္ဒNational Convention နဲ့ Roadmap ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့လုပ်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့ လိုတယ်။
မေး။ ။ ဘာတွေ ဖြစ်မလဲ ခင်ဗျ။
ဖြေ။ ။ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကို ကျနော်တို့ လက်မခံနိုင်ဘူး။ လူထု လှုပ်ရှားမှုတွေ လုပ်ရမယ်ဆိုတဲ့ အချက်ဘက်က ရပ်တည်ပြီး လုပ်ရမှာ ဖြစ်တယ်။
မေး။ ။ လူထုက ဘာတာဝန်တွေ ရှိလာပြီးလဲ ခင်ဗျ။
ဖြေ။ ။ လူထုက အများကြီး လုပ်လို့ရတယ်။ သူတို့က Political Non-cooperation၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်တာ မလုပ်ဖို့၊ စီးပွားရေးအရလည်း လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ လူမှုရေးအရ လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ အဲလို လက်တုံပြန်ရမယ်။ နိုင်ငံရေး တိုက်ပွဲတွေ၊ လူထု တိုက်ပွဲတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံတကာက နေပြီးတော့ နိုင်ငံရေး တိုက်ပွဲတွေ၊ နိုင်ငံတကာ ဖိအားတွေ၊ ဒါတွေကို ကျနော်တို့ မြှင့်တင်ရမယ်။ မဟုတ်ရင် နအဖကဟာ သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ သူတို့ကိုပြောမှ။ အရင်တုန်းကလို သူတို့က ချောမြူရေးဝါဒကို ကျင့်သုံးနေတာကြောင့် သူတို့ ဘယ်သူကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး။
Source: mizzima
ဆရာ မာန်းရှာ သို့ 
မြေပြန် နဲ့ တောင်ပေါ်ကို ဆက်သွယ်ပေးခဲ့တဲ့ ချစ်ကြည်ရေး တံတားကြီး အချိုးခံရတာပဲ။ အင်မတန် ကြေကွဲဖို့  ကောင်းတယ်။ ဖဒိုမာန်းရှားကို သတ်တာဘယ်သူလည်း ကျနော်မသိသေးဘူး။ ဒါပေမဲ့ ဘာကြောင့် အသတ်ခံရ တာလည်း ဆိုတာတော့သိတယ်။ မာန်းရှာဟာ ပြည်ထောင်စုသားတိုင်းရင်းသားတွေ လိုအင်ဆန္ဒကို ထုတ်ဖေါ် ပေးခဲ့လို့ ပဲ။မိုးသီးဇွန်
မေတ္တာရပ်ခံချက်
ဆရာ မန်းရှာ ဟာ ကရင်သူရဲကောင်းတဦး ၊ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကိုအသက်နဲ့ အတူ ကာကွယ်သွား ခဲ့တဲ့သူတဦးပါ။ သူရဲ့ ကြီးမြတ်တဲ့စွန့် လွှတ်မှု ကိုငါ ဒို့ ဂုဏ်ပြုကြပါစို့  ။ အင်တာနက်များမှာ သူသေနတ် ဒဏ်ရာနဲ့ ကျ ဆုံးနေတဲ့ဓါတ်ပုံတွေကို ရန်သူဆီမရောက်ပါစေနဲ့ ။ တယောက်ကိုတယောက်မပို့ ကြဖို့  မေတ္တာရ့ပ်ခံပါ တယ်။ ရန်သူဝမ်းသာ အောင်မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။မိုးသီးဇွန်
Thursday, 14 February 2008
မန်းရှာရေ
မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေ ယူခဲ့...
မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေယူခဲ့...
မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့...
မန်းရှာရေ
နင့်သေနတ်ကို
နင်ကိုင်လာခဲ့...
မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့...
မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေ ကျောပိုးခဲ့...
မန်းရှာရေ
နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့...
အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာ မြေပေါ်ကျန်ခဲ့ပြီ..။ ။
(ဆရာမန်းရှာနှင့် အမ နမ့်ကျင်ရွှေသို့)
မောင်လွမ်းဏီ
၁၅-၂-၂၀၀၈