ရေအခံ မြေအခံမရှိ
မျိုးစေ့ကလည်း မမှန်ရင်
ဘယ်မှာလျင် အပင်သန်မှာလဲ
ဘယ်မှာလျင် တော်ဝင်ဆန်မှာလဲ
ဘယ်မှာလျင် ကြာရှည်ခံမှာလဲ
နှစ်ခြောက်ဆယ် လေမိုးဒဏ်
ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း
သွေးချင်းချင်းနီလည်း ခရီးဆက်
သူရဲကောင်းတို့ရဲ့ မိခင်
အမှန်ပင်ဖြစ်ခဲ့ပြီ
အမျိုးသားကောင်းတို့ရေ
မိခင်ကြီးရဲ့ သူ့မေတ္တာနဲ့သစ္စာထု
သက်သွေးချွေးများနဲ့ သက်သေပြုလို့
အာဇာနည်တို့ သွန်းထုပြ
သစ္စာပန်းအလှတို့ ပွင့်ခဲ့ပြီ
သူရဲကောင်းတို့ရေ
သားစားဘီလူးရှေ့ မှာ
တချက်လေးမှစိုးရွံ့
တချက်လေးမှ နောက်မတွန့်နဲ့
မိခင်က ရှေ့ ကသွားမယ်
လိုက်ခဲ့ကြ အောင်ပွဲဆီ။ ။
KNU ၏နှစ် (၆၀) ပြည့် အထိမ်းအမှတ်
ရေဆန် KNU
၃၁/၀၁/၂၀၀၇
Friday, 29 February 2008
သူရဲကောင်းတို့၏မိခင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment