Friday, 29 February 2008

တခဏမှ တဘဝပြုကြ

ရဲဘော်တို့
တော်လှန်စဉ် တခဏ
ဒို့ဘဝ အလှရုပ်ကြွင်း
တူးဖော်ရင်းဖြင့်
ရင်တွင်းဝေဒနာ ပြေပြေရာပင်။
တခဏဖြစ်ဖြစ်
တဘဝဖြစ်ဖြစ်
တော်လှန်ဒို့ဘဝ
ကြီးမြတ်လှ၏
ထိုထိုဒို့ဘဝ
အလှသစ္စာပင်။

ရဲဘော်တို့
တော်လှန်တခဏ
ထိုအလှကိုလျင်
ရောက်ရာအရပ်
တဘဝဖြစ်အောင်
ကြံဆောင်ကြလော့။

(ပထမအကြိမ် ဖို့ဝိန်းညီလာခံနှင့် ကမ္ဘာအရပ်ရပ်မှ တိုက်ပွဲဝင်ရဲဘော်များသို့)
ရေဆန်

No comments:

Post a Comment