ဇူလိုင်ခုနှစ်ရက်
ပေါင်တဖက်ကြိုးကြေ
တော်လှန်မြေသို့ရောက်
မကြောက်တရားစွဲကိုင်
မြဲခိုင်သည့် သစ္စာနှင့်
တိုက်ပွဲမှာ အသက်ပေးခဲ့သူ ဟင်နရီ။
ကျွန်းဆွယ်ပွဲမှာ ထောင်ကျ
ထောင်မှ တဖန်
တော်လှန်မြေသို့
မကြောက်တရား စွဲကိုင်
မြဲခိုင်သည့် သစ္စာနှင့်
တိုက်ပွဲမှာ အသက်ပေးခဲ့သူ ပဒေးဖိုး။
သူငယ်ချင်းတို့ သူရဲကောင်းတို့ရေ...
ဒို့တတွေ တိုက်ပွဲဝင်
ဂန္တဝင် နေ့ရက်များ
လားလားမျှ ငါမမေ့နိုင်
နေ့ရှိသရွေ့ ခရီးကြမ်းကိုနှင်
တိုက်ပွဲဝင် တော်လှန်ဆဲ
ရေကိုဆန်မြဲ
တော်လှန်နေဆဲပါ သူငယ်ချင်း။ ။
“ ဂုဏ်ပြောင်စွာ ကျဆုံးသွာသည့် တိုက်ဖေါ်တိုက်ဖက်များနှင့် အာဇာနည်သူရဲကောင်းအပေါင်းအား ဦးညွတ်လျက်”
ရေဆန်
No comments:
Post a Comment