ကဆင်းလာတယ်။ သစ်သီးဝလံ ထည့်ထားတဲ့ခြင်းတလုံးလည်း ပါတယ်။ ဦးလေးက အပေါ်ထပ် ၀ရန်တာမှာထိုင်နေတာဖြစ်တယ်။ အဲဒီလူနှစ်ယောက် အိမ်ရှေ့လှေကားပေါ်တက်လာပြီး ဦးလေး မင်္ဂလာပါဆိုပြီး ကရင်လိုပြောတယ်။ ပြီးတော့ ရင်ညွန့်ကို သေနတ်နဲ့နှစ်ချက် ပစ်တာ ပွဲချင်းပြီး သေသွားတယ်။ သူတို့ပစ်ပြီး လှေကားက ပြန်အဆင်းမှာ အိမ်ဝန်းထဲမှာ ကျနော့်ကို တွေ့တော့ သေနတ်နဲ့တချက်ပစ်တယ် ကျနော့်ကိုမထိဘူး။ အိမ်ရှေ့မှာရပ်ထားတဲ့ ကားအနက် ပေါ်တက်ပြီး ထွက်ပြေးသွားကြတယ်” ဟု အမှုစစ် ထိုင်းရဲများအား ပြောပြသည်။ ပဒိုမန်းရှာလားဖန်း၏ ဈာပနအခမ်းအနားအား ယခုရက်ပိုင်းအတွင်း ကေအန်ယူအခြေခံဒေသ တနေရာတွင် ကျင်းပမည်ဖြစ်ပြီး ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ရုံးချုပ်မှ ဗိုလ်ချုပ်ဘိလပ်စိန်က ပြောသည်။ ပဒိုမန်းရှာလားဖန်းတွင် သမီးနှစ်ယောက်ဖြစ်သည့် နန့်ဘွာဘွာဖန်း၊ နန့်ဇိုရာဖန်းနှင့် သားနှစ် ယောက် ဖြစ်သည့် စောစေးစေးနှင့် စလုံဖန်းတို့ (၄) ဦး ကျန်ရစ်သည်။ စောစေးစေးမှလွဲ၍ ကျန်သားသမီး (၃) ဦးမှာ နိုင်ငံခြားတွင် ပညာသင်ကြားလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင်ပညာသင်ကြားနေသည့် နန့်ဇိုရာဖန်းက ဖခင်ဖြစ်သူသည် သူမအတွက် အမြဲ တစေအားပေးခဲ့သည့် အာဇာနည်တဦးဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက်ထားရှိသည့် ဖခင်၏ မျှော်လင့်ချက်ပြည့်ဝရန် သူမအနေဖြင့်ကြိုးပမ်းသွားမည်ဟု နိုင်ငံတကာသတင်းဌာနများအား ပြောကြားသည်။ ပဒိုမန်းရှာ ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ ကလည်း တော်လှန်ရေးအတွက် ကြီးမားသောဆုံးရှုံးမှုတရပ်ဖြစ်ကြောင်း ပြောကြားကြသည်။ ပဒိုမန်းရှာနှင့်ကျောင်းနေဘက်ဖြစ်သူ ကေအန်ယူစည်းရုံးရေးဌာနမှ ပဒိုသမိန်ထွန်းကလည်း “အခုလိုနိုင်ငံရေးအရ အရေးကြီးနေတဲ့အချိန်မှာ လုပ်ကြံခံရတော့ ကျနော်တို့အတွက် အတော် အားလျော့သွားတယ်။ သူ့နေရာအစားထိုးဖို့နဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ အားစိုက်ရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးကို ပြီးမြောက်အောင်ဆက်လုပ်ဖို့က ကေအန် ယူရဲ့ မူပဲဆိုတာ အားလုံးဆုံးဖြတ်ထားပြီးသားဖြစ်တယ်” ဟုပြောသည်။ အခင်းဖြစ်ပွားရာအိမ်အနီးအလုပ်လုပ်နေသည့် ထိုင်းလူမျိုးတဦးက “အဲဒီကားအမည်းဟာ သာမန် မဟုတ်တဲ့ပုံစံနဲ့ ဒီအိမ်ရှေ့ကိုဖြတ်ပြီး မောင်းနေတာသုံးလေးခေါက်ရှိနေပြီ။ ဒီလိုလုပ်မယ်မထင်လို့ အမှုမဲ့အမှတ်မဲ့ပဲ အလုပ်ဆက်လုပ်နေတာ၊ လုံခြုံရေး ပေါ့လျော့တာကြောင့် ဖြစ်သွားရတာပါ” ဟု ပြောသည်။ သေနတ်သမားတဦးက အိမ်ပေါ်အရောက်တွင် ကရင်ဘာသာဖြင့် “မင်္ဂလာပါဦးလေး” ဟု ပုံမှားရိုက်ဂါရဝပြုပြီးမှ သေနတ်ဖြင့်ပစ်ခြင်းဖြစ်သည်ဟု သေဆုံးသူ၏အနီးတွင်ရှိနေသည့် တူမဖြစ်သူက ပြောသည်။ အခင်းဖြစ်ပွားရာနေရာသို့ မဲဆောက်မြို့နယ်ရဲမှူးကြီးနှင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အသေး စိတ်စစ်ဆေးမှတ်တမ်းတင်ကာ အလောင်းအား မဲဆောက်ဆေးရုံကြီးသို့ယူဆောင်သွားပြီး ပြစ်မှု ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ရဲမှူးကြီးက ဒေသခံ သတင်းထောက်များအား ပြောသည်။ သေနတ်သမားများပစ်သွားသည့် ကျည်ဆန်အခွန်များကို မဲဆောက်ရဲမှကြည့်ရှုစစ်ဆေးရာ ကိုးမမ ကျည်များဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ မဟာမိတ်အဖွဲ့ခေါင်းဆောင်တဦးက “ကရင်စကားပြောတိုင်း ကရင်လို့ တော့ပြောလို့ မရဘူး။ ဒီလို ထမင်းစားရေသောက်လောက်တော့ လူမျိုးခြားတွေလည်းသင်ပေးရင် ခဏလေးနဲ့ တတ်တယ်။ ဒီလိုမဲဆောက်မြို့ထဲမှာ ကားနဲ့လာပြီး နေ့ခင်း ကြောင်တောင်လုပ်သွား တာကတော့ စဉ်းစားစရာပဲ။ ကြားလူကို အသုံးချသွားတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။ သေနတ်သမားများမှာ မည်သည့်အဖွဲ့ကဖြစ်သည်ကို မသိရှိရသေးသော်လည်း နအဖ၊ ဒီကေ ဘီအေနှင့် ယမန်နှစ်က ကေအန်ယူမှ ခွဲထွက်သွားသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ပဒိုမန်းရှာ အားလုပ်ကြံမည့်သတင်းကို မိမိတို့ရရှိထားသည်ဟု ကေအန်ယူမှ ခရိုင်အုပ်ချုပ်ရေးအဆင့်ရှိသည့် အရာရှိတဦးက ပြောသည်။ ပဒိုမန်းရှာလားဖန်းသည် ၁၉၆၂ ခုတွင် ရန်ကုန်တက္ကသိုလ်တွင်ပညာသင်းကြားခဲ့ကာ ၁၉၆၆ ခု တွင် သမိုင်းဘာသာဖြင့်ဘွဲ့ရခဲ့ပြီး ၁၉၆၇ ခု သြဂုတ်တွင် ကရင်တော်လှန်ရေးသို့ရောက်ရှိခဲ့သည်။ ၁၉၈၄ ခုတွင် ကေအန်ယူအရန်ဗဟိုကော်မတီဝင်ဖြစ်ခဲ့ပြီး ၁၉၉၀ ခုတွင် ဗဟိုကော်မတီဝင်ဖြစ်ခဲ့ သည်။ ၁၉၉၅ ခုတွင် ကေအန်ယူတွဲဖက်အတွင်းရေးမှူးဖြစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် (၁၂) ကြိမ် မြောက် ကေအန်ယူ ကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရပြီး ကွယ်လွန် ချိန်အထိ တာဝန်များထမ်းဆောင်ခဲ့သည်။ နအဖရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လာမည့်မေလတွင် လူထုဆန္ဒခံယူပွဲပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ကေအန်ယူမှ ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်နှင့်ပတ်သက်၍ ပဒိုမန်းရှာလားဖန်းက “နအဖ ဇွတ်လုပ်နေတာက စစ်အာဏာ ရှင်စနစ် ခိုင်မြဲရေးနဲ့ ပြည်သူလူထုတရပ်လုံးဟာ စစ်ဖိနပ်အောက်မှာပဲ ရာသက်ပန်နေရမယ့် အခြေ အနေမျိုးဖြစ်နေတော့ ကျနော်တို့လက်မခံနိုင်ဘူး။ နအဖ ခဏခဏကြေညာနေတာက သူ့လူတွေ (၂၆) သန်းရှိတယ်လို့ တချိန်လုံးပြောနေတာဟာ သူတို့မတော်မတရားလုပ်ဖို့ ကြံစည်နေတာဖြစ် တယ်။ နဂိုကတည်းက လူထုဆန္ဒကို လေးစားတာ မဟုတ်ဘူး။ နိုင်ငံတာကာနဲ့ ကေအန်ယူက ဒီလိုမျိုး သူတို့ဇွတ်လုပ်နေတာ တိုင်းပြည်အတွက် နိုင်ငံရေးအရပြေလည်မှုကို မဖြစ်စေတဲ့အပြင် ပိုမိုပြီးတော့ အခြေအနေဆိုးဝါးလာနိုင်တယ်ဆိုတာ စက်တင် ဘာရွှေဝါရောင်တော်လှန်ရေးကို ကြည့်ရင် တိုင်းပြည်ဟာ ဘယ်လောက်တင်းမာနေသလဲ၊ စီးပွားရေး ချွတ်ခြုံကျနေသလဲဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ သူတို့လုပ်ရပ်ကို ကျနော်တို့လုံးဝ လက်မခံနိုင်ဘူးဆိုတာကို ထုတ်ပြန်ရတာဖြစ်တယ်” ဟု ၎င်းမသေဆုံးမီ နာရီပိုင်းအချိန်တွင် ကေအန်ယူ၏ သဘောထားများအား ခေတ်ပြိုင်သို့ နောက်ဆုံးပြောကြားခဲ့သည်။ |
No comments:
Post a Comment