Friday, 15 February 2008

ဆက်လက် အသံလွင်နေပါစေ့မည်။ ဖထီးချစ်တဲ့ ရွှေဖားစည်။


ချစ်သော ဖထီး
အာဇာနည် မို့ ..
ရိုးသားသူ မို့ 
အမျိုးချစ်သူ မို့ 
နိုင်ငံချစ်သူ မို့ 
မသမာသူ စော်ကား၊
လုပ်ကြံအားရက်ပြီ.
ရိုးမ၏ ပန်းတပွင့်ကြွေကျ မြေဆီ။

သို့ သော်..
သူရဲကောင်း၏ ဂုဏ်ရည်
သူရဲကောင်းတို့ ၏ ၀ိညာဉ်သည်။
ဖိုးမူတို့ နှင့် တသားထည်းကျန်ရစ်ပါသည်။

ချစ်သော ဖထီး
စပါး ရွှေဝါသီးတဲ့  ဖထီးချစ်တဲ့ ဧရာဝတီမြေ
ဖားစည်မြည်ဟိန်း။
က ဒုံးယိန်း နဲ့ .ဇွဲကပင် တောင်ခြေက
ကော်သူးလေမြေ..
ကရင်ပြည်နယ်မှာ ပန်းကလေးတွေ
ဆက်လက် လန်းဆန်းစေဖို့ 
ဖိုးမူတို့ မျိုးဆက်သစ်
ဖထီးတို့ လျှောက်ခဲ့တဲ့လမ်းကို
ဆက် ငုတ်ထွင်လှမ်းမယ်။
နောက်မဆုတ် ဆက်သွားမယ်။
အာဇာနည် မျိုးဆက်.ဆိုတာ.
ဘယ်လိုသတ်သတ်…မပျောက်ကွယ်။

“ပဒိုမန်းရှာလားဖန်း” ဆိုတာ
ကရင်တို့ ရဲ့ အမျိုးသား နိမိတ်ပုံ။
သမိုင်း တွင်ရစ် ကျန်စေ။
ကြီးမားတဲ့ ဂုဏ်ကျက်သရေ။
ဖထီးရယ်..လွတ်မြောက်ရာဘုံ
တက်လှမ်းကာ ၀မ်းမြောက်ပါကုန်။

မသဒ္ဓါ ( ၂။၁၄။၂၀၀၈)
ဖထီး ပဒို အတွက်..မိသားစုနှင့် အတူ ရင်နှင့်အမျှ ၀မ်းနည်းကြေကွဲရပါကြောင်း

No comments:

Post a Comment