မောင်စွမ်းရည် ဖေဖော်ဝါရီ ၁၅ ၊ ၂၀၀၈
ပဒိုမန်းရှာ
သူ သေရှာပြီ။
သူသေသည်မှာ
လူသေ ခြင်းဖြစ်ပါ၏။
လူသေခြင်းသည်
မူ သေခြင်းလည်းမဟုတ်ပါ။
လူသာသေလည်း
နာမည်သေမည်မဟုတ်ပါ။
လူကိုခွေးသတ်
ဇာတ်ကြောင်းထပ်လည်း
သတ်သူသာသေ၊ သေသူရှင်မည်
အာဇာနည်မျိုး သေရိုးမရှိ
ခေတ်၏ဆောင်ပုဒ် အသစ်ထုတ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခန်းမှ
မန်းရှာလာဖန်း လုပ်ကြံခန်းထိ
သွေးလမ်းကြီးသည် ခရီးရှည်ခဲ့
မညီသမျှ မဆုံးနိုင်။
ပဒိုမန်းရှာ သွေသစ္စာဖြင့်
ငါတို့လူထု သစ္စာပြုစို့
ပြည်ထောင်စုဒီမိုကရေစီ
အောင်ရမည်။
သွေးစည်းညီညီ ဆောင်ကြမည်။
Monday, 18 February 2008
ပဒိုမန်းရှာသွေးသစ္စာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment