တိုင်းပြည်ရေ
ဖက်ဆစ်တို့ခြေရင်း
ကြွေဆင်းပေးလည်း
တုန့်လှည့်ချစ်ပန်း
ပွင့်လန်းမလာဘဲ
ပန်းဘဝကြိုးကြေ ပန်းတို့ကြွေဆဲ။
တိုင်းပြည်ရေ
နှင်းဆက်ခန္တာ
ပုံအပ်ပါလည်း
တုန့်လည်ချစ်ပန်း
ပွင့်လန်းမလာဘဲ
ပန်းဘဝကြိုးကြေ ပန်းတို့ကြွေဆဲ။
တိုင်းပြည်ရေ
သင့်မြတ်ဖို့ရေး
ပြေးသူနောက်လိုက်
လိုက်လေဝေးလေ
ခန္တာကြွေ၍
ပန်းဘဝကြိုးကြေ ပန်းတို့ကြွေဆဲ။
တိုင်းပြည်ရေ
သူသတ်ကွင်းမှာ
လည်စင်းခံရင်း
ဖြေရှင်းကြမလား
သင်ပဲပိုင်းဖြတ် ခရီးစလော့။
တိုင်းပြည်ရေ
စစ်ဘီလူးကို
တိုင်းပြည်ကြမ္မာ
စီရင်ခိုင်းမလား
သင်ပဲပိုင်းဖြတ် ခရီးစလော့။
တိုင်းပြည်ရေ
သမိုင်း၏အရှင်
သင်သာလျှင်ဖြစ်
ဘဝသစ်တွက် တက်စုံဖွင့်လော့
စစ်ကျွန်ဘဝ ရုန်းထွက်ကြလော့။ ။
ရေဆန်
၂/၆/၀၆
Friday, 29 February 2008
တိုင်းပြည်သို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment